နတ်မောက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

နတ်မောက် ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာကြည့်တိုက်လက်ထောက်-၃) က မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ်ဖြစ်သည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့အား ပြည်ထောင်စုနေ့ အဖြစ်သတ်မှတ်ထားပြီး ကျောင်းသား/ကျောင်းသူများ အစဉ်အောင်းမေ့ သတိရစေရန် အသိပညာပေး ဟောပြောပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ဖြစ် ပေါ်လာပုံ၊  ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာဖြင့် ကာကွယ်စောင့်ရှောက်ရေး စသည့်အကြောင်းအရာများကို ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

မူမူစန်း