ကျိုက်ထို ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓါတ်နှင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းသင့်ပုံအကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးကာ ထူးချွန်သူများအား လက်ဆောင်ပစ္စည်းများပြန်လည် ပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ ကလေးသူငယ် စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များကို ပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)