ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီရိဝင်းဆွေထွန်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ရောဂါအမျိုးအစား၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ တရုတ်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှု အခြေအနေ များ၊ ဆက်လက်ဖြစ်ပွားလာသည့် နိုင်ငံများ၊ နိုင်ငံဝင်ပေါက်ထွက်ပေါက်များတွင် စစ်ဆေးမှုအခြေအနေများကို တက်ရောက်လာသူများအား အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ လက်ထောက်ကျန်းမာရေးမှူး ဒေါက်တာနော်ဆုဆုလွင်ကလည်း "ကျွန်မတို့ ကျန်းမာရေးဦးစီး ဌာနအနေနဲ့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာ ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ ဈေးတွေနဲ့ လူစည်ကား တဲ့ နေရာတွေမှာလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါရဲ့အခြေအနေ၊ အမျိုးအစား၊ ကူးစက်ပုံ၊ ကာကွယ်ရေးနည်းလမ်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက် အရေးကြီးတဲ့ စနစ်တကျလက်ဆေးခြင်းနဲ့ နှာခေါင်း/ပါးစပ်စည်း (mask) စနစ်တကျအသုံးပြုပုံ နည်းလမ်းများကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ် ပြီး အခုလိုမျိုး အသိပညာပေး ဟောပြောဆွေးနွေးမှုတွေ လုပ်ဆောင်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။
မြင့်ရီ(ပြန်/ဆက်)