မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေး အသင်းသို့ ရွှေရီမင်းကုမ္ပဏီမှ အရေးပေါ် လူနာတင်ယာဉ်( ၃)စီး လှူဒါန်း

မရမ်းကုန်း နိုဝင်ဘာ ၁

ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ယနေ့နံနက် ၁၀ နာရီအချိန်က ရွှေရောင်သမိုင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှု အထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းသို့ ရွှေရီမင်းကုမ္ပဏီမှ အရေးပေါ်လူနာတင်ယာဉ်( ၃) စီး လှူဒါန်းပွဲ အခမ်းအနားအား ..က( ) ကျောင်း Quarantine Center ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်က ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က ကျေးဇူးတင်စကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေရောင်သမိုင်းပရဟိတအသင်းသို့ ဦးစိုးနိုင်နှင့်ဇနီး ဒေါ်တင်တင်ရီမိသားစု ရွှေရီမင်းကုမ္ပဏီမှ အရေးပေါ် လူနာတင် ယာဉ်()စီး လွှဲပြောင်း​ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က မရမ်းကုန်းမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေသည့် လူမှုရေး အသင်းအဖွဲ့များသို့ PPE ဝတ်စုံ(၆၀)စုံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)