ဘုတလင်မြို့နယ်တွင် ကွန်ကရစ်လမ်းများ ခင်းရန်အတွက် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်

ဘုတလင် ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက ရပ်ကွက်နှင့် ကျေးရွာများတွင် ကွန်ကရစ်လမ်း များခင်းရန်အတွက် ထောက်ပံ့ပေးသော ဘိလပ်မြေအိတ်များပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး မြို့နယ် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်နှင့်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးတို့က တိုင်းဒေသကြီးစည်ပင် သာယာရေးကော်မတီက ဘိလပ်မြေအိတ်များ နှစ်စဉ်ထောက်ပံ့ပေးမှုနှင့် အဆိုပါဘိလပ်မြေများဖြင့် ကွန်ကရစ်လမ်းများ ခင်းနိုင်မှုအခြေအနေတို့ကို  ရှင်းလင်းပြောကြားကြသည်။

ထို့နောက် စည်ပင်သာယာရေး နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်နှင့် မောင်းထောင်၊ ညောင်ကန်၊ သခွတ္တနယ်၊ ငပယင်းကျေးရွာတို့အတွက် ဘိလပ်မြေအိတ် (၄၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်၊ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်စိုးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)