ကျိုက်မရော နိုဝင်ဘာ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြက်ခြေနီအသင်းခွဲသို့ လူမှုကရုဏာကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် အလှူရှင် မြဆည်းဆာဆရာ တော်ဘုရားကြီးမှ အရေးပေါ်လူနာ တင်ယာဉ် တစ်စီးနှင့် အလှူငွေကျပ်တစ်သိန်းတို့အား ကျိုက်မရောမြို့ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဂုဏ်ထူးဆောင် အမှုဆောင်ဒေါက်တာတိုးတိုးအောင်၊ ပြည်နယ် ဥက္ကဋ္ဌ ဦးချိုမင်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးသိင်္ဂါ၊ ပြည်နယ်ကြက် ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်၊ ကျိုက်မရောမြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် ဒုတိယမြို့နယ် တပ်ဖွဲ့မှူး တို့က လက်ခံရယူခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)