ရေနံချောင်း ဖေဖော်ဝါရီ ၁၁
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၉ ရက်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၃)ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခင်က အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းအိက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး လွတ်လပ်သောနိုင်ငံတော်အဖြစ်သို့ ပြန်လည်ရောက်ရှိလာအောင် ပင်လုံမြေတွင် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည့် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ယခုနှစ်တွင် (၇၇)နှစ်မြောက် ရှိပြီဖြစ်ကြောင်းနှင့် ကျောင်းသားကျောင်းသူလေးများ မျိုးချစ်စိတ်ဓာတ် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် အသိပညာပေးဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးနံရံကပ်စာစောင်နှင့် ဗဟုသုတရရှိစေမည့် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်