ထန်းတပင်(ရန်ကုန်) နိုဝင်ဘာ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံမှုများမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံတို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်မှု များကို ဆောင်ရွက်နေပြီး အဆိုပါစင်တာများနှင့်ဆေးရုံသို့ ရောဂါကြိုတင်ကာကွယ်ရေး သုံးပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ထန်းတပင်)နှင့် ထန်းတပင်မြို့မ ပရဟိတလူငယ်အဖွဲ့ဝင်များက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ထန်းတပင်)မှ အဖွဲ့ဝင်များက မြန်မာ နိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)မှ လှူဒါန်းထားသည့် ငွေကျပ် နှစ်သိန်းခွဲတန်းဖိုးရှိ ရောဂါ ကြိုတင် ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထန်းတပင်မြို့မပရဟိလူငယ်အဖွဲ့ဝင်များက (အလှူရှင်တွေ) ကိုယ်စား ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းများကို အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများ တွင် ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်၍သွားရောက် လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
လှူဒါန်းမှုများ ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ထန်းတပင်)မှ အဖွဲ့ဝင်များနှင့် ထန်းတပင်မြို့မ ပရဟိလူငယ်အဖွဲ့ဝင်များက ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် ရောဂါကြိုတင်ကာကွယ်ရေးဝတ်စုံ PPE Level - 3 (၂၃)စုံ၊ PPE Level -2 (၄၀)စုံ၊ N95 အခု (၉၀)၊ နှာခေါင်းစည်း (၅၀)ပါ (၄၀)ဘူး၊ ခေါင်းစွပ်(၁ဝဝ)ခုပါ (၄)ထုပ်၊ ရေသန့်(၆)လုံးပါ (၁ဝဝ)ကတ်၊ လက်အိတ် များနှင့် လက်သန့်ဆေးရည်ဘူးများကို အ.ထ.က (ထန်းတပင်)၊ အ.ထ.က (ခွဲ)အုတ်ဖို၊ အ.ထ.က(ခွဲ) အတွင်းရေကျော်နှင့် အ.လ.က(ခွဲ)ရွာသစ်အခြေခံပညာကျောင်းစင်တာလေးခုနှင့် တက်သစ်တိုက်နယ်ဆေးရုံများသို့ ပြန်လည်၍ ခွဲဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)