ညောင်လေးပင်မြို့တွင် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်းစရာများခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပမည်

ညောင်လေးပင် ဖေဖော်ဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင်"လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေအကြောင်းသိကောင်း စရာများ" ခေါင်းစဉ်ဖြင့် ပြည့်သူ့စကားဝိုင်းကို ဖေဖော်ဝါရီ ၂၇ရက် နံနက် ၉နာရီတွင် အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါပြည်သူ့စကားဝိုင်းကို ညောင်လေးပင်မြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက် အကူပေးရေးအဖွဲ့၊ မြို့နယ်လူငယ်ရေးရာကော်မတီ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း စီစဉ်ခြင်းဖြစ်ကာ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွေး၊ မြို့နယ်ပညာရေးမှူး ဒေါ်သီတာမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၊ မြို့နယ်ဥပဒေအရာရှိ ဦးကောင်းမြတ်ဇော်၊ မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စိမ်းသီတာလတ်၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်နွယ်နီလှိုင်နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟို) အလုပ်အမှုဆောင် ဒေါက်တာမြင့်သန်းတို့က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်နှင့်ဥပဒေအကြောင်း၊ လူငယ်နှင့်ဘေးအန္တရာယ်၊ လူငယ်နှင့်ကျန်းမာရေးစသည့်အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကြ မည်ဖြစ်ပြီး  မည်သူမဆို ပါဝင်ဆွေး နွေးနိုင်ကြောင်း သိရသည်။

သက်လွင် (ညောင်လေးပင်)