ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​ သို့ နံနက်စာ၊​နေ့လယ်စာများ လာ​ရောက် လှူဒါန်း​ပေး

​ကျောက်တံတား နိုဝင်ဘာ  ၂

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ်  Community Based Facility Quarantine Center​ရှိ အသွားအလာ ကန့်သတ် ထားသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ယ​နေ့ နံနက်ပိုင်းက အမှတ်၃၈) ရပ်ကွက် ​ရွှေ​ညောင်ပင် စား​သောက်ဆိုင်မှ မှနံနက်စာအာဟာရဒါနအဖြစ်​ ​နန်းကြီးသုတ်နှင့် လက်ဖက်ရည်ဘူး၊​​ နေ့လယ်စာအတွက် ထမင်းဘူးများ လာရောက် လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ​ကျောက်တံတားမြို့နယ် Community Based Facility Quarantine Center​များကို ၃၈ လမ်း Plaza အ​ပေါ် ထပ်(၆)လွှာနှင့်(၇)လွှာတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်နေရာများသို့ စေတနာရှင် အလှူရှင်များက နေ့စဉ်အလှူငွေ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊​ရေသန့်ဘူးများ စားသောက်စရာများကို နေ့စဉ်မပြတ် လာရောက် လှူဒါန်းလျက်ရှိပြီး ကျောက်တံတားမြို့နယ်တွင် ​နိုဝင်ဘာလ(၁)ရက်​နေ့ထိ ကိုဗစ်-၁၉​ရောဂါ အတည်ပြုလူနာ(၃၈၈)ဦး ရှိပြီး ပြန်လာ သက်သာ​ကောင်းမွန် လာသူ (၁၃၁)ဦးနှင့်​ သေဆုံးသူ(၂၀)ဦးရှိပြီဖြစ်​ကြောင်း သိရသည်။

​ရွှေနန်း​မေ