မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၈)ဦးဆေးရုံမှ ဆင်းခွင့်ရရှိ

စလင်း နိုဝင်ဘာ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေသူများသည် ယနေ့နံနက် ၈ နာရီအချိန် က ကျန်းမာရေး ကောင်းမွန်ပြီဖြစ်သည့်အတွက် ဆေးရုံဆင်းခွင့်ရရှိကြပြီ ဖြစ်သည်။

ဆေးရုံဆင်းခွင့်ရရှိကြသူများမှာ စလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော စလင်းမြို့နယ်၊ ပေါင်းပင်ဇင်းရပ်ကွက်မှ ဒေါ်နှောင်းအိအိဝင်း အသက်(၂၆)နှစ်၊ သနပ်ကုန်းကျေးရွာမှ ဒေါ်ချောစုဝေ အသက်(၁၉)နှစ်၊ ဒါးဆွယ်ကန်ကျေးရွာမှ ဒေါ်မမအေး၊ အသက်(၆၇)နှစ်၊ ကြူတောကျေးရွာမှ ဒေါ်စိုးမာဦး၊ အသက်(၃၅)နှစ်၊ ဒေါ်ငြိမ်းအိအိထွန်း၊ အသက်(၂၀)နှစ်၊ဆင်ဖြူကျွန်းမြို့တိုက်နယ်ဆေးရုံ၊ သရက်ခုန် ကျေးရွာမှ ဒေါ်သိန်းသိန်းထွေး၊ အသက်(၇၅)နှစ်၊ ဒေါ်မေဖူးငုံ၊ အသက်(၂၀)နှစ်နှင့် မောင်ဇာနည်အောင်၊ အသက်(၃)နှစ် တို့ဖြစ်ကြပြီး ရောဂါပိုးကင်းစင်ကြောင်း လက်မှတ်နှင့် မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိ ပါက မိမိတို့အိမ်အတွင်း တစ်ပတ်တိတိနေထိုင်သွားကြရန်နှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ် ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေက မှာကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ ၎င်းတို့အား လူမှုကူညီရေးအသင်း များမှ မော်တော်ယာဉ်များဖြင့် နေရပ် အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။

မောင်လွင်(ပြန်/ဆက်)