သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများပြုလုပ်

သံတောင်ကြီး ဖေဖော်ဝါရီ ၁၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် သတင်းတု၊ သတင်းမှားနဲ့ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်ထက်က သတင်းတုသတင်းမှားနဲ့ပတ်သက်၍ အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ၊သတင်းတုသတင်းမှားနှင့် ပတ်သက်၍  ဉပ‌ဒေအကြောင်းဆိုင်ရာများ၊ သတင်းတု၊ သတင်းတုသတင်းမှားဆိုင်ရာအကြောင်းအရာများ၊ ဖောက်ဖျက်မီဒီယာများအား ရှုတ်ချကြရန်၊ သတင်းတု သတင်းမှားနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊  Online လိမ်လည်မှုများ သတိပြုကြရန်စသည့်  အသိပညာဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ပြည်သူများမှ သိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်နော်မူ