ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မောင်တော   ဖေဖော်ဝါရီ   ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်းများက “နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ” စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(တာဝန်ပေး) ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ “နိုင်ငံ့ဝန်ထမ်းနည်း ဥပဒေများ” စာအုပ်ပါ  အခန်း ၅ ပါ လစာသတ်မှတ်ခြင်း ခေါင်းစဉ်ပါ အကြောင်းအရင်းဖြစ်သော ကနဦးလစာ ခံစားခွင့်များအား ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ခရိုင်ရုံးရှိဝန်ထမ်းများက အခန်း (၅) တွင်ပါဝင်သော  နှစ်တိုးလစာခံစားခွင့် ခေါင်းစဉ်ရှိ ပါဝင်သော အချက်အလက်၊ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  သိလိုသည်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)