အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

အမ်း   ဖေဖော်ရီ   ၁၆

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၁)နာရီက စာပေဗဟုသုတမျှဝေခြင်း အသိပညာပေးဟောပြောပွဲနှင့် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၂၃) မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ဆက်ဆံမှုနှင့် အောင်မြင်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်ခဲ့သည်။

ဦးစွာပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာဖတ်ခြင်းလူငယ်ရဲ့အားသာချက်များ၊ လူငယ်လူရွယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာများကို စာပေဗဟု သုတမျှဝေခြင်း အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)အမှတ်(၂၃) မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ဆက်ဆံမှုနှင့် အောင်မြင်ရေး ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပြုလုပ်ခဲ့ရာ ဦးစီးအရာရှိ ဦးစန်းဝင်းက အောင်မြင်မှုဆိုတာ လူ့ဘဝမှာတော့ အသင်းအပင်းအစုအဖွဲ့နဲ့သာ ပူးပေါင်းဆောင်ရွက်မှုနဲ့ လုပ်ဆောင်ပြီးမြောက်နိုင်တာ တစ်ယောက်ချင်းရဲ့ စွမ်းရည်ထက်မြက်မှု သူ့နေရာနဲ့သူထူးချွန်မှု လိုသလိုအများနဲ့ စုပေါင်းအကောင်အထည်ဖော်ရမှာမို့ စည်းလုံးညီညွတ်စွာ ပါဝင်လက်တွဲ လုပ်ဆောင်တတ်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က စာပေဆိုင်ရာဘာသာရပ်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက်  စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်  မဇင်မာထွန်း၊ မရတနာဝင်း၊ မသန်ထွေး မနှင်းမိုးဝေ၊ မချစ်ချစ်လှိုင်၊ မမေသက်ခိုင်နှင့် တက်ရောက်လာသူများက ဆက်ဆံမှုနှင့် အောင် မြင်ရေး ဆောင်းပါးပါအကြောင်းအရာများအား ဖတ်ကြားဆွေးကြပြီး သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်ကြရာ  ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက ပြန်လည်သုံးသပ်ဆွေး နွေးခဲ့ကြောင်းသိရှိရသည်။

မြို့နယ်(ပြန်/ဆက်)