သဲကုန်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “အသက်နှစ်ဆယ်အရွယ်များသို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး(Youth Club)အဖွဲ့ဝင်များဖြစ်သော မနွေးနွေးစိုးက “စစ်မှန်တဲ့မိတ်ဆွေကောင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကျော်က “အခက်အခဲကို ဇွဲနှင့် ဖြတ်ကျော်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မသန္တာအောင်က “ကျေးဇူးသစ္စာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ဆွေဦးက “ခေါင်းဆောင်မှု ဟန်လေးမျိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မစုပုံချစ်က “အောင်မြင်မှုမှ ပိုမိုအောင်မြင်ခြင်းသို့”ခေါ်င်းစဉ်ဖြင့်လည်းကောင်း တက်ရောက်လာသူများက ခေါင်းစဉ်အသီးသီးဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ၊ အသိပညာ၊ ဗဟုသုတတို့ကို ရရှိသည့်အပြင် အချင်းချင်းရင်းနှီးစွာဖြင့် အတွေးအမြင်များ ဖလှယ်နိုင်ပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပိုမိုသိရှိနားလည်လာကာ စာဖတ်နှုန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)