လသာမြို့နယ်ရုံးတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

လသာ ​ဖေ​ဖော်ဝါရီ ၁၆

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာ​ပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယ​နေ့နံနက် (၁၀) နာရီအချိန်က အဆိုပါရုံး လူထုအ​ခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် “အမိ​မြေသစ္စာ” ဂျာနယ်အယ်ဒီတာချုပ် ဦးသူရ​ဇော်က အဖွင့်အမှာစကား​ပြောကြားပြီး ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိ​ ဒေါ်နန်းသဲနု​အောင်က စာဖတ်ဝိုင်းများပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ​ပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ တင့်တယ်ခင်က မုဒိတာစကား​ပြောကြားခဲ့သည်။

ထို့​နောက် ဆရာမလွမ်းနိုနို​ (​ဘော်​မြေ) က ၎င်းရေးသားသည့် “တိမ်​တွေခြုံတဲ့လ​ရောင်” ဝတ္ထုတိုအားဖတ်ကြားခဲ့သည်။ ယင်း​နောက်တက်​ရောက်လာကြသည့် စာ​ပေချစ်သူများက ဝတ္ထုတိုပါ ဇာတ်​ကောင်များ၏ စကားလုံးအသုံးအနှုန်း အသက်ဝင်မှု၊ ဝတ္ထုတိုပါအ​ကြောင်းအရာများဆက်စပ်မှု လိုအပ်ချက်များကို အပြန်အလှန်​ဆွေး​နွေးခဲ့ကြ​ကြောင်းနှင့် စာ​ပေချစ်သူများ Book Club စာဖတ်ဝိုင်းအား လစဥ်ပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရသည်။

နန်းသဲနု​အောင်(လသာပြန်/ဆက်)