ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က အိမ်သုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အိမ်သုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူက မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်၊ ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးကုန်ကြမှုသက်သာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမဉ္ဇူမှ ဦးဆောင်၍ အိမ်သုံးဆပ်ပြာဆီပြုလုပ်ပုံ၊ ပြုလုပ်နည်းအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးခန့်က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ ကိုယ်တိုင်ပါဝင် လက်တွေ့ပြုလုပ်ဆောင်ရွက်ကြကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
ဖူးမို(ပြန်/ဆက်)