သရက် ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲနှင့် Youth Club၊Woman Club၊ အဖွဲ့တို့ ပူးပေါင်း၍ ဆရာမ ခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် စာပေချစ်မြတ်နိုးသူများအချင်းချင်း စာအုပ်တစ်အုပ်ကို အတူတူဖတ်ရှုပြီး ဆွေးနွေးရာမှ အတွေးအခေါ်ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုတတ်သည့် လူတော်လူကောင်းများဖြစ်လာစေရန် ဆွေးနွေးခြင်းဖြစ်ပြီး ဆရာမခင်စောတင့်၏ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"စာအုပ်ဖြင့် ဆွေးနွေးခဲ့သည်။ ယခုတစ်ပတ် Book Club အဖွဲ့ဝင်များ၊ Woman Club ၊ Youth Club အဖွဲ့ဝင်များက မိမိတို့အတွေးအမြင်များကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ Book Clubအဖွဲ့ဝင် ဦးမြင့်ဆွေက "စကားပြောဖို့ ခလုတ်နှိပ်ပါ"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လက်ကိုင်ဖုန်းများပေါ်လာသည့်အခါ သူငယ်ချင်းမိတ်ဆွေများနှင့် ရင်းနှီးနွေးထွေးမှု လျော့ပါးလာသည်ဟု ခံစားမိကြောင်း ဆွေးနွေးခဲ့ပြီး၊ Women Club ဥက္ကဋ္ဌ ဒေါ်ခင်ခင်ဝင်းက "လျှို့ဝှက်ဆန်းကြယ် လပြည့်ညဝယ်"ခေါင်းစဉ်ဖြင့် ဆွေးနွေကာ Youth Club ဥက္ကဋ္ဌ ဦးထွန်းနိုင်ဦးက "မျှော်လင့်ချက်"ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
Women Club အဖွဲ့ဝင် ဒေါ်ဖြူဖြူဟန်က "ရှင်သန်တိုးပွားချစ်ခြင်းတရား"ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ Women Club အဖွဲ့ဝင် ဒေါ်နုနုအေးက "စွန့်စားမှုဆီသို့ ခြေတစ်လှမ်း"ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ Book Clubအဖွဲ့ဝင် မောင်မင်းသိမ်း(သရက်)က "ထိုတည"ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်းနှင့် Book Club ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးက "အချိန်အခါကို သိပါ"ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ နေရာတိုင်းမှာအချိန်ကိုက် ပြုမူဆောင်ရွက်တက်ရန် လိုကြောင်း စသည်ဖြင့် အသီးသီး ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ဇော်ထက်(သရက်)