မရမ်းကုန်း ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်သူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ “ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် မြန်မာကဗျာစာတမ်း’’ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မော်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးထင်ကျော်မိုးက “ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ် မြန်မာကဗျာစာတမ်း” ဆောင်းပါးသည် ဘဝအတွက် တကယ့်အနှစ်သာရရှိသော ဆောင်းပါးဖြစ်ကြောင်း၊ မြန်မာ့ခေတ်အဆက်ဆက် ရေသားထားသည့် မြန်မာကဗျာစာတမ်းများ ဖြစ်ကြောင်း၊ ၎င်းစာအုပ်နှင့်ပတ်သက်၍ တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များက မိမိတို့အမြင်နှင့် ခံစားချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယဉ်မော် (ပြန်/ဆက်)