အမ်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံငွေစာရင်းရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချ

အမ်း  ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဦးစီးအရာရှိ ဦးစန်းဝင်း ဦးဆောင်၍ မြို့နယ်ရုံးဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရန် အခြေခံငွေစာရင်းရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက ဝန်ထမ်းများအား လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း သင်ခန်းစာမှတ်စု စာအုပ်ပါ ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်ဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် သတ်မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်းခံ/သုံးစွဲဆောင်ရွက်နိုင်ရန်အတွက် ငွေစာရင်းဆိုင်ရာ ရငွေ၊ ပေးငွေကိစ္စရပ်များ၊ အသုံးစရိတ်များ ကျခံသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် စည်းကမ်းချက်များ၊ ငွေစာရင်းထိန်းသိမ်းရန် ဌစပုံစံ- ၁၆ မျိုးအား အသေးစိတ်သင်ပြခြင်း၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ သာမန်အသုံးစရိတ်များအတွက် ခန့်မှန်းခြေငွေစာရင်း ရေးဆွဲရာတွင် အသုံးပြုရန် ဘတ်ဂျတ်ခေါင်းစဉ်များကို ဆွေးနွေးပို့ချလျက်ရှိသည်။

ငွေစာရင်းထိန်းသိမ်းနည်းဘာသာရပ်မှ ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် သတ်မှတ်ထားသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တောင်းခံ/သုံးစွဲဆောင် ရွက်နိုင်ရန်အတွက် ငွေစာရင်းဆိုင်ရာ ရငွေ၊ ပေးငွေကိစ္စရပ်များ၊ ငွေစာရင်းထိန်းသိမ်းရန် ဌစ-ပုံစံများ ဆွေးနွေးသင်ကြားမှုအပေါ်  ဒေါ်ခင်မျိုးတင် ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက သိရှိလိုသည့်အချက်များအား ဆွေးနွေးကြရာ ဆွေးနွေးအချက် အကြောင်းအရာတို့အား ဦးစီးအရာရှိ ဦးစန်းဝင်းက ပြန်လည်‌ဖြည့်စွက်ဆွေးနွေး‌ပြောကြားခဲ့ပြီး သင်တန်းအား ယနေ့မှစတင်၍ ဖေဖော်ဝါရီ ၂၂ ရက်နေ့ထိ ငွေစာရင်းထိန်းသိမ်းနည်းလုပ်ငန်း ကျွမ်းကျင်မှုရှိစေရန် ဆွေးနွေးပို့ချသင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်