အင်းစိန်ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အသုံးပြုနိုင်စေရန် အလှူရှင်များက အလှူငွေများနှင့် ရေသန့်ကတ်များလှူဒါန်း

ရန်ကုန်    နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် အလှူငွေများနှင့် ရေသန့်ကတ်များကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ အထွေထွေရောဂါ ကုဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက  အသီးသီးလှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် လိုအပ် သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးသက်တင်နှင့်ဇနီးဒေါ်တင်မေဦး မိသားစုမှ ငွေကျပ်(၁၀)သိန်း၊ ကိုတိုးမြင့်သက်နှင့်ဇနီးမကြာညိုသင်း မိသားစုမှ ငွေကျပ်(၁)သိန်းနှင့် ကွယ်လွန်သူ ဦးကျော်ဝင်းအား ရည်စူး၍ ရေသန့် 1L(၂၅)ကတ်တို့ကို အလှူရှင်များက အထွေထွေရောဂါကု ဆေးရုံကြီး(အင်းစိန်)သို့ အသီးသီးလှူဒါန်းရာ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူး တင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)