မိုးမိတ်မြို့တွင် အသက်(၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ အတွက် အိမ်တိုင်ရာ ရောက်သွားရောက်၍ ကြိုတင်ဆန္ဒမဲများပေးနိုင်ရေးအတွက် ဆောင်ရွက်ပေး

မိုးမိတ်   နိုဝင်ဘာ ၃ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပေးခြင်းများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်  နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်အတွင်းရှိ နာမကျန်း ဖြစ်နေသူများနှင့် ရပ်ကွက်ကော်မရှင်ရုံးသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲ မပေးနိုင်သော အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရေး အိမ်တိုင်ရာရောက် သွားရောက်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ကြိုတင်ဆန္ဒမဲပေးခြင်းကို အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ မိမိနေရပ်သို့ ပြန်လည်၍ဆန္ဒမဲမပေးနိုင်သူများ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးဝေးသွားလာရန်ရှိသော နိုင်ငံ့ဝန်ထမ်းများ စသည့် မဲဆန္ဒရှင်ပြည်သူများက ဆန္ဒမဲပေးကြခြင်းဖြစ်ကြောင်း ကိုဗစ်ကာလဖြစ်သည်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာညွှန်ကြား ချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများအား ပါးစပ်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်လာစေခြင်း၊ Social Distancing နှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 မိုးမိတ်သား (စည်သူဌေး)