ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဈေးရောင်းကားဖြင့်ရောင်းချပေး

ပန်းဘဲတန်း အောက်တိုဘာ  ၃

ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွါးနေစဉ်ကာလအတွင်း ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစား သုံးနိုင်ရေးအတွက် ဈေးရောင်းကား()စီးဖြင့် ယမန်နေ့က လာရောက်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာ နိုင်ငံကုန်သည်များနှင့် စက်မှု၊ လက်မှုအသင်းချုပ်တို့ပူးပေါင်း၍ ပန်းဘဲတန်းမြို့နယ် အတွင်းနေထိုင်သောပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဈေးရောင်းကား()စီးဖြင့် ဆီ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး နှင့် အခြားစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

အဆိုပါ ဈေးရောင်းကား()စီးဖြင့် မဟာဗန္ဓုလလမ်း၊ သိမ်ကြီးဈေး()ရုံရှေ့၊  အနော်ရထာလမ်း၊ ဗိုလ်ဆွန်ပက် လမ်းနှင့် (၃၁)လမ်းကြား၊ အနော်ရထာလမ်း (၂၆)လမ်းထိပ်ရှိ နေရာ()ခုတွင် ရောင်းချပေး ခဲ့ကြောင်းသိရှိရပြီး စနစ်တကျ ဈေးရောင်းချနိုင်ရေးအတွက် ပန်းဘဲတန်းမြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ပူးပေါင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

နေခြည် (ပြန်/ဆက်)