ရေး နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ မဲရုံအသီးသီးတို့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်၊ အတွင်းရေးမှူး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်နှင့် အဖွဲ့သည် ယမန့်နေ့ နံနက် (၁၀) နာရီကျော်ခန့်က သက်ဆိုင်ရာတာဝန် ကျမဲရုံ မှူး၊ ဒုမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင် ဆရာ/ဆရာမများ၊ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ဝင် များနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။
အဆိုပါပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ရုံးအဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက် ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက် အ.ထ.က (၁)ရှိ မဲရုံ အမှတ် (၁)၊ ရန်ကြီးအောင်ရပ်ကွက် အ.လ.က (၃) ရှိ မဲရုံအမှတ် (၁)၊ မဲရုံ အမှတ် (၂) နှင့် ရေးမြို့နယ်၊ အစင်ကျေးရွာ အ.ထ.က ရှိ မဲရုံအမှတ်(၄) တို့တွင် မဲရုံများ၏ ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် တာဝန်ကျမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဝင်များအား တွေ့ဆုံပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)