ဒေါပုံမြို့နယ် ကိုရိုနာဗိုင်းရပ်ရောဂါမိမိကစ၍ ကြိုတင်ကာကွယ်ပါ ဗီနိုင်းစိုက်ထူ

ဒေါပုံ  မတ်  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်ရောဂါ  မိမိကစ၍ ကြိုတင်ကာကွယ်ပါ ဗီးနိုင်းအား ယနေ့ နံနက်(၉)နာရီအချိန်တွင် အများပြည်သူသွားလာသော သင်္ဘောကျင်းမှတ်တိုင်အနီးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီနိုင်းတွင် ရောဂါကာကွယ်နိုင်မည့် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်သော နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မိမိကိုယ်ကိုကြိုတင်ကာကွယ်ရမည့် အချက်များပါရှိကြောင်းနှင့် တက်ရောက်လာသော ပြည်သူများအား အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူး၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ခင်စန်းလွင်နှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ စုပေါင်း၍ လက်ဆေးရည်နှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)