မဘိမ်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ လွှတ်တော်များနှင့် တိုင်းရင်းသားလူမျိုးဆန္ဒမဲပေးမည့် မဲရုံ(၄)ရုံ များသို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
မဘိမ်းမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၆)အုပ်စုတို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း(၄၄)ရုံ ပြင်ဆင်ထားရှိပြီး အဆိုပါမဲရုံများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရေး၊ မဲရုံအဝင်/အထွက်၊ မဲရုံပရဝဏ် သန့်ရှင်း၊ လေဝင်လေထွက်ကောင်းမွန်စေရေး၊ မဲဆန္ဒရှင်များ လာရောက်ဆန္ဒမဲပေးရာတွင် နှာခေါင်းစည်းများ တပ်ဆင်ပေးခြင်း၊ ကိုယ်အပူချိန်များတိုင်းတာပေးခြင်းနှင့် သတ်မှတ်ထားသည့် (၆)ပေအကွာတွင်း စနစ်တကျစီတန်းစေခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများမှ မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံ(၄)ရုံသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)