စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

စမ်းချောင်း ​​ဖေဖေါ်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ​​ခြေပြုဗဟိုဌာန၌ ယ​မန်နေ့​နံနက် (၁၁) နာရီအချိန်က စာအုပ်စာ​စောင် ချစ်မြတ်နိုးသူများ Book Club အသင်းအဖွဲ့ဝင်များနှင့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုပါစာဖတ်ဝိုင်းတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အသင်းမှအဖွဲ့ဝင် မောင်မြတ်မင်းသန့်က စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့်ခေါင်းဆောင်မှုအတွေး၏အရေးပါမှုစာအုပ်ထဲမှ ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရီရီထွန်းက​ ပူးပေါင်းဆောင်ရွက်ခြင်း ခေါင်းစဉ် ဖြင့်လည်းကောင်း၊ မနော်ဝတီကအများ၏ယုံကြည်မှု အစရှိသည့်ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသူများက ၄င်းစာအုပ်ပါအကြောင်းအရာမျာနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်များကို ​ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ဖြူသွယ်ထွန်း