ဟိုပန်၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

 ဟိုပန်    နိုဝင်ဘာ ၃

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ တုံပကာ-ဆုံဖာ-ပန်လုံလမ်း(၁၀/၀)မိုင်တွင် (၁/၀)မိုင်ကတ္တရာခင်းပြီး ကျန်(၉)မိုင်အနက် (၁/၀)မိုင် ကတ္တရာထပ်ပိုး လွှာခင်းခြင်း လုပ်ငန်းနှင့် ၎င်းလမ်းပေါ်ရှိ (၅××၂၆)ပေ Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို နိုဝင်ဘာလ ၃ ရက်နေ့ က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းစံအောင်၊ ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူးဦးဝင်းနိုင်တို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) မူလခွင့်ပြုရန်ပုံငွေကျပ်(၁၀၀.၂၉၉)သန်းဖြင့် အရှည်(၁/၀)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၅.၆)သန်းဖြင့် (၅ ××၂၆)ပေ BoxCluvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ပန်ခွန်သတ္တုတူးဖော်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခဲ့ရာ လုပ်ငန်း အားလုံး၏ (၁၀၀%)ဆောင် ရွက်ပြီးစီးပြီး ဖြစ်ပါကြောင်း ဟိုပန်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ပြောကြား ခဲ့ပါသည်။

အဆိုပါလမ်းပိုင်းအားလုံးပြီးစီးသွားပါက သွားလာရေးခက်ခဲသည့် တောင်ပေါ်ကျေးရွာ(၇)ရွာ၊ အိမ်ခြေ(၁၆၁) အိမ်၊ အိမ်ထောင်စု(၁၉၄)စု၊ လူဦးရေ(၁၀၆၉)ဦးတို့၏ ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ စီးပွားရေး လုပ်ငန်း များအတွက်  အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်