တမူး နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊စန္ဒကူး(၂)ရပ်ကွက်နေ အလှူရှင် ကိုထိန်ဝင်း+ မစုလှိုင်ဝင်း (MS)မိသားစုမှ သား/သမီး များ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် မြို့ပေါ် ရပ်ကွက်များ ရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၀)စု တို့အား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၉)နာရီအချိန် က ထောက်ပံ့လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လှူဒါန်းရာတွင် အလှူရှင် မိသားစုမှ မြို့ပေါ်ရပ်ကွက်များ ဖြစ်သည့် စန္ဒကူး ရပ်ကွက်၊ စျေးတန်း ရပ်ကွက်၊မြို့မ ရပ်ကွက်၊ စော်ဘွား ရပ်ကွက် တို့ရှိ အခြေခံလူတန်းစား အိမ်ထောင် စု(၄၀၀)စု တို့အတွက် အိမ်ထောင်စု တစ်စုလျင် ဆန် နှစ်ပြည်၊ဆီ ငါးဆယ် ကျပ်သား၊ဆား ငါးဆယ် ကျပ်သား၊ ကြက်သွန်နီ ငါးဆယ် ကျပ်သား၊ကုလားပဲ နှစ်ဗူး၊ ငါးသေတ္တာ တစ်ဗူး၊ ကြက်ဥ ငါးလုံးစီဖြင့် အိမ်ထောင်စု တစ်စုလျင် (၈၀၀၀)ကျပ်တန်ဖိုးဖြင့် အိမ်ထောင်စု (၄၀၀)စု တို့အတွက် (၃၂)သိန်း တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို သား/သမီး နှစ်ဦးတို့၏ မွေးနေ့ အထိမ်းအမှတ် အဖြစ် ထောက်ပံ့လှူဒါန်း ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)