အင်းတော် နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ထီးချိုင့်၊ ဗန်းမောက် မြို့နယ်များအတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန်ပစ္စည်းများအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က သက်ဆိုင်ရာမြို့နယ်များသို့ ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေး အတွက် အကာအကွယ်ပစ္စည်းများဖြစ်သည့် N-95 Mask ၊ PPE ဝတ်စုံများ၊ မျက်မှန်များ၊ Face Shield များ၊ လက်အိတ်များ၊ ဖိနပ်များကို သက်ဆိုင်ရာမြို့နယ်များရှိ မဲရုံအရေအတွက်အလိုက်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူဦးရေ အလိုက် N-95 Mask များကို ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်များ အနေဖြင့် မိမိတို့ မြို့နယ်များရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် တာဝန်ရှိသူများ၊ မဲဆန္ဒရှင်ပြည်သူများအတွက် အကာအကွယ် ပစ္စည်း များကို ပြန်လည်ခွဲဝေ ပေးအပ်သွားရမည်ဖြစ်ကြောင်း အင်းတော်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးကျော်စိုးသိန်းက ပြောပြခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အသုံးပြုရန် ပစ္စည်း များအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က ကသာခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုန်က ခရိုင်အတွင်းရှိ မြို့နယ်များအား အသီးသီးပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
ကျော်သီဟ (ပြန်/ဆက်)