ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်နိုင်ရန် Mask တပ်ဆင် အသုံးပြု နိုင်ရေး မြို့မစည်ပင်သာယာစျေး၌ ဆောင်ရွက်

ဗန်းမောက် နိုဝင်ဘာ ၃

မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားလျက်ရှိရာ ကူးစက်ပြန်ပွားမှု လျော့ကျရေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ပြည်သူတိုင်း Mask တပ်ဆင်အသုံးပြုနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ် ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာ ရေးဦးစီးဌာနနှင့် လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်းကာ Mask တပ်ဆင်အသုံးမပြုဘဲ သွားလာနေသူများအား အသိပညာ ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မစည်ပင် သာယာစျေး၌ ပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုတွင် မြို့နယ်စည်ပင် သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးနေလင်း သိန်းနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ လူမှု‌ရေးအသင်း အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်နှင် မြို့နေ ပြည်သူ အများ လိုက်နာဆောင်ရွက်သင့်သည့် အပြင်ထွက်တိုင်း Mask စနစ်တကျတပ်ဆင်ခြင်း၊ လက်ဆေး ခြင်းများအပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ နေထိုင် သွားလာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ရာ ညွှန်ကြားချက် များအား လိုက်နာခြင်းမရှိဘဲ သွားလာနေသူများကို Mask တပ်ဆင်အသုံးပြုခြင်း မရှိသူများအား ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်းလုပ်ငန်းများကို စည်ပင်သာယာစျေးအတွင်း လှည့်လည် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)