ဟိုပန် နိုဝင်ဘာ ၃
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးအောက်ပွဲတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်(၉)နာရီအချိန်က ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ မြို့နယ်ကော် မရှင် ဝန်ထမ်းများနှင့် အဖွဲ့ဝင်များက စတင်ထုတ်ပေးလျှက်ရှိ ကြောင်းသိရသည်။
အဆိုပါထုတ်ပေးသည့် မဲရုံသုံးပစ္စည်းများတွင် မဲပုံး၊ ဆန္ဒပြုခန်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လည်ဆွဲကတ်များ၊ ပလပ်စတစ်ခြင်း၊ အမှန်ခြစ်တံဆိပ်တုံး၊ ချိတ်တောင့်၊ ချိတ်ထိုးတံဆိပ်၊ ဆာလာ အိတ်၊ လက်အိတ်၊ Hanspray၊ Face Shield၊ မှင်ဘူး၊ Mask ၊ မီးခြစ်၊ ဖယောင်းတိုင်နှင့် စာရေးကိရိယာများ၊ Ink Pad၊ Stappler ၊ Pin ၊ သရေပင်၊ လုံခြုံရေးကြိုး၊ စာအိတ်၊ ပလပ်စတတ်ကြိုး၊ မဲရုံအကူနှင့် ရပ်/ကျေး စတစ်ကာ၊ မဲရုံမူးတံဆိပ်၊ ရင်ခံနှင့် မဲရုံဗွီနိုင်းများကို ထုတ်ပေးခဲ့သည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟိုပန်မြို့၌ မဲဆန္ဒနယ်(၁)တွင် မဲရုံ(၂၂)ရုံနှင့် မဲဆန္ဒနယ်(၂)တွင် မဲရုံ(၂၁)ရှိပြီး မဲပေး ပိုင်ခွင့်ရှိသူ (၂၂၅၂၉)ဦးရှိကြောင်းသတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)