မိုင်းရယ် နိုဝင်ဘာ ၃
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံကြီးကြပ်တာဝန်ထမ်းဆောင်မည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မိုင်းရယ်မြို့ ပြည်ထောင်စုခန်းမတွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။
တာဝန်ပေးအပ်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲကျင်းပသည့်နေ့ရက်တွင် မဲရုံများ၌ ကြီးကြပ်ရန်အတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများအား တာဝန်ပေးအပ်ထား ပါကြောင်း၊ အဆိုပါကြီးကြပ်ရန် တာဝန် ပေးအပ်ထားသည့်သူများမှ မဲရုံကြိုတင်ပြင်ဆင်ခြင်းနှင့် မဲပေးသည့်နေ့ရက်တွင် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ ဝင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးရန်ပြော ကြားပါသည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် မြို့နယ် အမျိုးသားမှတ်ပုံတင် ရေးနှင့် နိုင်ငံသားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်က မဲရုံများ ၏ လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီဆက်သွယ်ရန် ပြောကြားခဲ့ပါသည်။
မိုင်းရယ်မြို့နယ်အတွင်း မဲရုံ ၄၅ ရုံတွင် ဆန္ဒမဲပေးနိုင်သူ ၄၈၆၇၉ ဦးရှိပြီး ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ၊ မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၅၂ ဦးနှင့် ဌာန ဆိုင်ရာများက ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်