ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ များအား Quarantine ဝင်ရောက်ရန် နေအိမ်များမှ သွားရောက်ခေါ်ယူ၍ သက်ဆိုင်ရာ Quarantine Center သို့ ယမန်နေ့ ညနေပိုင်းက အသီးသီးပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center (၆)ခုအနက် အင်းစိန်(GTI) Quarantine Center (၃)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများဖြစ်သော ကြို့ကုန်းအရှေ့ ရပ်ကွက်မှ (၁၁)ဦး၊ နံ့သာကုန်းရပ်ကွက်မှ(၉)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၈)ဦး၊ ပိန္နဲကုန်း ရပ်ကွက်မှ (၈)ဦး၊ ရွာမအရှေ့ ရပ်ကွက်မှ(၇)ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက်မှ(၇)ဦး၊ စော်ဘွားကြီး ကုန်းရပ်ကွက်မှ (၅)ဦး၊ ပေါက်တော ရပ်ကွက်မှ(၅)ဦး၊ တညင်းကုန်းရပ်ကွက်မှ (၃)ဦး၊ ကမ်းနားအလယ် ရပ်ကွက်မှ (၂)ဦး၊ စဉ့်ငူရပ်ကွက်မှ (၁)ဦး၊ ဈေးကုန်းအရှေ့ရပ်ကွက်မှ(၁)ဦး စုစုပေါင်း (၆၇)ဦးကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီအသင်းခွဲ၊ ပရဟိတ အဖွဲ့များနှင့် လူမှုကူညီအသင်းများမှ သက်ဆိုင်ရာ Quarantine Center သို့ အသီးသီးပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)