နတ်မောက်မြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သုံး ပစ္စည်းများပေးအပ်

နတ်မောက်  နိုဝင်ဘာ ၃

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင် ပြည်သူများအတွက် ကိုဗစ်- ၁၉ ရောဂါကာကွယ် ရေးသုံးပစ္စည်းများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ယနေ့နံနက် (၉)နာရီခန့်ကထုတ်ပေးလျက်ရှိ ကြောင်းသိရ သည်။                                          

နတ်မောက်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်သည့် အနေဖြင့်  ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်း စည်း(Mask) များ ၊Hand Gel ၊ လက်အိတ်များ၊EN-95 Mask များ၊ Exam Glove များ ၊ Face Shield ၊ PPE   Level-2 ၊ PPE Full Set စသည့် ပစ္စည်းများထုတ်ပေး လျက်ရှိပြီး ထိုသို့ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊  အတွင်း‌ရေးမှူး နှင့် အဖွဲ့ဝင် များက ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများအလိုက်  ထုတ်ပေးခြင်း ဖြစ်ပြီး နတ်မောက်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၈၀)အုပ်စု၌ မဲရုံ(၂၈၁)ရုံ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်းသိရသည်။

သင်းသင်းဝေ(နတ်မောက်)