အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

အမ်း   ဖေဖော်ဝါရီ   ၂၄

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်က ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်ပြပွဲ ပြုလုပ်ခဲ့သည်။

နံရံကပ်စာစောင်တွင် ပြသထားသည့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးအချက်အလက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက  ကျောင်းသားကျောင်းသူများ၊ စာဖတ်ပရိသတ်များ သိရှိနားလည်စေရန် ရှင်းလင်းပြသပေးခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်ပြပွဲကို လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသောဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်များ အကြောင်းအမျိုးမျိုးကြောင့် ကလေးအလုပ်သမားအဖြစ် ခိုင်းစေခံရပါက သိရှိထားနိုင်ရန် ရည်ရွယ်၍ ပြသခြင်းဖြစ်ပြီး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားများ ၏ အသက်အရွယ်ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးရည် မှန်းချက်၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ ပါဝင်ကြောင်း၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show များ၊ ဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်