မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများ(Book Club)အဖွဲ့ဖြင့် စာဖတ်ဝိုင်း ကျင်းပ

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (BookClub)စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာအောင်သစ်ရေးသားသည့် “မိမိဘဝ မိမိစိတ်တိုင်းကျ ထူထောင်အောင်မြင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြော​ကြား ဆွေးနွေးပါသည်။ ထို့နောက် စာပေဝါသနာရှင် စာရေးဆရာမ‌ ဒေါ်လမင်းအိမ်(ဉပဒေ)က စာရေးဆရာအောင်သစ်ရေးသားသည့် “မိမိဘဝ မိမိစိတ်တိုင်းကျ ထူထောင်အောင်မြင်‌ရေး” စာအုပ်မှ မိမိဘဝ မိမိကိုယ်တိုင်စိတ်တိုင်းကျ ထူထောင်ရာတွင် အဟန့်အတားဖြစ်စေမည့် အကျင့်ဆိုးများ၊ စိတ်အားထက်သန်ခြင်း၊ တိကျသော ရည်ရွယ်ချက်နှင့် မိတ်ကောင်းဆွေကောင်းခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဝင် ဒေါ်အေးသန္တာက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Book Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)