ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ကျိန္တလီ     ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရန်၊ စာပေမှရရှိသည့်အသိပညာဗဟုသုတများ တိုးပွားစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့တွင် လျှပ်စစ်ရုံးနှင့် ကျန်းမာရေးရုံးများသို့ ငှားရမ်းပေးခြင်းဖြစ်သည်။

ထိုသို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ရက်သတ္တပတ် တစ်ပတ်ပြည့်ပါက စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထက်မြက်