ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မောင်တော    ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဝန်ထမ်းများက “ငွေစာရင်း ထိန်းသိမ်းနည်းလက်စွဲ စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နေ့လယ်  ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ် ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲစာအုပ်ပါ အကြောင်းအရာ များဖြစ်သော   အခန်း(၂) နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်း၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်အား ဖတ်ကြားပြီး  ခရိုင်ရုံးမှ ဝန်ထမ်းများက  အခြေခံပေါ်လစီများ၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်များ၊ ဘဏ္ဍာရန်ပုံငွေ အစီအစဉ်သစ် စသည့် ခေါင်းစဉ်များတွင် ပါဝင်သော အချက်အလက်များ အကြောင်းအရာများအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်  ခရိုင်(ပြန်/ဆက်)