ကျောက်ဖြူမြို့တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ကျောက်ဖြူ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနတို့ ပူးပေါင်း၍ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း သိကောင်းစရာ အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်သည်။

အဆိုပါ (Talk Show) တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်အေးက (Talk Show) ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းဝေက  စွန့်ပစ်ပစ္စည်း ဆိုသည်မှာ အသုံးမလို၍ စွန့်ပစ်လိုက်သည့် အစိုင်အခဲ၊ အရည်၊ အငွေ့နှင့် လူနှင့်တိရစ္ဆာန်တို့မှ စွန့်ပစ်လိုက်သော အညစ်အကြေး စသည့် အရာများကို ခေါ်ဆိုကြောင်း၊ စွန့်ပစ်ပစ္စည်းများကို အမျိုးအစား (၅) မျိုးခွဲခြားထားကြောင်း၊ နိုင်ငံတကာတွင် အဓိက အသုံးပြုနေသည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ပုံစံ (၃)မျိုး ရှိကြောင်း၊ ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် အလျောက် Open Dumping စနစ်ကို အသုံးပြုနေကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့်လည်း ပင်လယ်ကမ်းခြေတစ်လျှောက် စုပေါင်းအမှိုက်ကောက်ခြင်း၊ အသိပညာပေး ဟောပြောပွဲများကို စီမံချက်များ ချမှတ်ပြီး စာသင်ကျောင်းများသို့ သွားရောက်ကာ ကျောင်း သား၊ ကျောင်းသူများအား အသိပညာပေးခြင်း၊ ကျောက်ဖြူမြို့နှင့် ပင်လယ်ကမ်းခြေတလျှောက် စွန့်ပစ်ပစ္စည်း ကင်းစင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စွန့်ပစ်ပစ္စည်းဆိုင်ရာများနှင့် ပတ်သက်၍ ကဏ္ဍစုံလင်စွာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)