သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ ရေးသူ၊ ဖတ်သူဆွေးနွေးခြင်း စာဖတ်ဝိုင်းပြုလုပ်

သာကေတ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း (Book Club) အဖွဲ့မှ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်ခန်း မတွင် ရေးသူ၊ ဖတ်သူ ဆွေးနွေးခြင်း စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်နိုးမြတ်သူ များအသင်း (Book Club) အသင်းတို့ပူးပေါင်း၍ သုတ၊ ရသ စာအုပ်စာပေများ လစဥ်မပြတ် ဆွေးနွေးခဲ့ရာ ယမန်နေ့က ဆွေးနွေးသည့်စာဖတ်ဝိုင်း၌ (သူ-ငွေဆောင်မြေ) စီစဥ်သည့် ကကြိုးတွေစုံ ဘဝဇာတ်ခုံကလောင်စုံရေးသားထားသည့် တစ်မျက်နှာ ဝတ္တုတို စုစည်းမှု စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦး​စီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူ၊ မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နာယက ဦးမတ်၊ ဥက္ကဋ္ဌ ဒေါက်တာသန်းထိုက်တို့မှ မုဒိတာစကားများနှင့်အတူ တစ်မျက်နှာဝတ္ထုစုစည်းမှု အနှစ်သာရကို ဆွေးနွေးခဲ့သည်။

ထို့နောက် ကကြိုးတွေစုံဘဝဇာတ်ခုံ တစ်မျက်နှာဝတ္တုတိုစုစည်းမှုစာအုပ်၌ ပါဝင်ရေးသားကြသည့် မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်၊ မြို့နယ် (Book Club) ဒုဥက္ကဋ္ဌ စာရေးဆရာမ နန်းဟင်းပြင်း၊ စာရေးဆရာမ မိုးမိုးသင်း (ပတ္တမြားမြေ)၊ စာရေးဆရာမ မမိုးရည်တို့က ရေးသားဖန်တီထားသည့် ဇာတ်အိမ်တည်ဆောက်ပုံ၊ ဇာတ်လမ်းဇာတ်ကွက် ဖြစ်ပေါ်လာပုံများကိုဆွေးနွေးကြပြီး တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များက ဝတ္ထုတိုများအား ကဏ္ဍအလိုက်ဆွေးနွေးခဲ့ပြီး ရေးသူ၊ ဖတ်သူစာဖတ်ဝိုင်းအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)