မုဒုံ မတ် ၅
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်၊ စာဖတ်ဝိုင်းမှရရှိသည့် အတွေးခေါ်ကောင်းများကို ပြန်လည်မျှဝေပေးနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် ပထမမင်္ဂလာစာအုပ်တွင်ပါဝင်သော ပညာနှင့်တူသောအလင်းရောင်၊ နည်းလမ်းတကျတရားသဖြင့်၊ တာဝန်သိစိတ် တာဝန်မဲ့မှု၊ ခေတ်သစ်ဆီသို့ စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဖတ်ကြား၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)