မောင်တော မတ် ၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဦးစီးအရာရှိ ဒေါ်အေးမြသန်းတို့က “လူငယ်နှင့် စဉ်းစားတွေးခေါ်မှု” အသိပညာပေး Talk Show ပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်တွေဟာ သမားရိုးကျအတွေးအခေါ်မှတစ်ဆင့် ပြင်ပလောကသို့ထွက်ပြီး စဉ်းစားတွေးခေါ်တတ်ဖို့ စွမ်းရည်ရှိရမှာဖြစ်ကြောင်း၊ လူငယ်တွေဟာ မိမိရဲ့ စွမ်းရည်ကိုပြသပြီး အသိပညာအားမာန်နဲ့ လုပ်ငန်းခွင်ထဲက စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်း ရမှာဖြစ်ပါကြောင်း၊ လူငယ်များရဲ့ အရည်အချင်းများအား အထက်လူကြီးများက အကဲဖြတ်ကြပြီး အတွေ့အကြုံမှရရှိတဲ့ အသိပညာနဲ့ လေ့လာမှုတွေကိုမျှဝေခြင်းဖြင့် မဟာဗျူဟာဆန်ဆန် လုပ်ဆောင်နိုင်တဲ့ ထူးချွန်သူ တစ်ဦးဖြစ်လာမည့်ဖြစ်ကြောင်း၊ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ခုရဲ့ သက်ရောက်မှုကို ကြိုတင်စဉ်းစားတွေးခေါ်နိုင်မည်ဖြစ်ရာ ဘယ်ဟာက အန္တရာယ် အခက်အခဲဆိုတာ သိမှတ်ပြီး အကျိုးအဆက် အားလုံးစဉ်းစားတွေးခေါ်နိုင်ဖို့ လိုအပ်မည်ဖြစ်ပြီး မဟာဗျူဟာ စဉ်းစားတွေးခေါ်ခြင်း စည်းကမ်းတကျ တွေးတောခြင်းဖြစ်ပြီး သင်သွားချင်တဲ့လမ်းကြောင်းနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချမှတ်ရမည်ဖြစ်ကြောင်း စသည့် တို့ကို အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)