ဂွ မတ် ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေနေ့လယ်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရုံးလုပ်ငန်းများအား သိရှိနားလည်ထားကြရန် လိုအပ်ကြောင်း၊ ယခုဆောင်ရွက်သည့် စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် သိသင့်သိထိုက်သည့် အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို သိရှိပြီး သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ထမ်းများက လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းသင်ခန်းစာမှတ်စုများ စာအုပ်ပါ ရုံးစာရေးသားရာတွင် အခြေခံရမည့် အချက်များနှင့် ရုံးစာရေးသားနည်းအမျိုးအစားများဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဂွမြို့နယ်ရုံးအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် တစ်လလျှင်နှစ်ကြိမ် ဝန်ထမ်းများစာဖတ်ဝိုင်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်