ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ    မတ်လ   ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများကို သိရှိလိုက်နာဆောင်ရွက် နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်” အခန်း(၁၄) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာအခြေခံမူများ  စာပိုဒ်ပါကြောင်းအရာများအားကို ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်သိန်းသိန်းနိုင်၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးတင်ထွန်းဦးနှင့် လုပ်သားရုပ်သံ ဒေါ်အေးအေးမြင့်တို့က ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူ (၁၀)ချက်အား အသီးသီးဖတ်ကြားဆွေးနွေးပြီး ရုံးဝန်ထမ်းများမှ သိရှိလိုသည်များကို အပြန် အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)