တောင်တွင်းကြီးမြို့နယ်တွင် စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

တောင်တွင်းကြီး မတ် ၈

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် မြို့ပေါ်/ကျေးရွာများတွင် ဖွင့်လှစ်လျက်ရှိသော စာကြည့်တိုက်များ ရေရှည်တည်တဲ့တံ့ခိုင်မြဲစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေလယ် (၁၂)နာရီခွဲက တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က စာကြည့်တိုက်များ၏ အကျယ်အဝန်းမြေနေရာများတွင် သန့်ရှင်းမှုရှိစေရေး၊ ခြံစည်းရိုးများ ခိုင်ခံ့မှု(ရှိ/မရှိ)ပြန်လည်စစ်ဆေးရေး၊ စာအုပ်စာစောင်များ စနစ်တကျထားရှိရေး၊ စာဖတ်သူမိဘပြည်သူများ စိတ်အေးချမ်းသာစွာ ဖတ်ရှုနိုင်ရန် စာဖတ်ခန်းများ သီးသန့်ထားရှိရေး၊ Online တွင်လည်း မိမိစာကြည့်တိုက် Page ထားရှိမှသာလျှင် အလှူရှင်များ၊ စာပေချစ်မြတ်နိုးသူများသိရှိလာ၍ မိမိတို့စာကြည့်တိုက် ရေရှည်တည်တံ့နိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် (မြို့ပေါ်/ကျေးရွာ)များမှ စာကြည့်တိုက်တာဝန်ရှိသူများက မိမိတို့၏ လက်ရှိစာကြည့်တိုက်လုပ်ဆောင်မှုများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အစီစဥ်များကို အသီးသီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)