ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ဂွ    မတ်  ၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာ ဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်‌ရေးအဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ် ဆောင် ရွက်ခဲ့ကြ‌သည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းနှင့် ဝန်ထမ်းများက စာပေလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားပြီး  စာဖတ်သည့်အလေ့အကျင့်ရရှိရေး၊ စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရေးအတွက် မြို့နယ်ထွေ/အုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာန၊ အမှတ်(၈၅)သစ်စက်တို့ရှိ စာပေချစ်မြတ်နိုးသူများအား သုတ/ရသစာအုပ်(၁၅၀) ကျော်အား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စာအုပ်များငှားရမ်းပေးခြင်းကို အပတ်စဥ် ကြာသာပတေးနေ့တိုင်း  ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်