အင်းစိန်(ပြန်/ဆက်)၊ပြည်သူ့စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် မတ် ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြည်သူ့ စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို  ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်ခင်မာအေးက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပျံ့နှံမှုအကြောင်း ပြည်သူများ သိရှိနိုင်စေရန်၊ ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးရန်နှင့် လက်ဆေး နည်းတို့ကို သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြည်သူ့စာကြည့်တိုက်သို့ စာလာဖတ်သူ၊ စာလာငှားသူများအား ကိုရိုနာ ဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)