ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် မင်းသုဝဏ်ဖောင်ဒေးရှင်းမှ အခမဲ့ အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့မနက်(၉)နာရီက ထန်းတောကျေးရွာ မြို့ဦးထိပ်ရှိ ဖိုးကြာဇံခန်းမ (Community Centre)တွင်ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မင်းသုဝဏ်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းချိန်မှာ မနက် (၉)နာရီမှ မွန်းတည့် (၁၂) နာရီ၊ နေ့လယ် (၁)နာရီမှ ညနေ(၄)နာရီအထိ (၂)ကြိမ်ခွဲ၍ တစ်ကြိမ်လျှင် သင်တန်းသား(၁၄)ဦးဖြင့် စုစုပေါင်း(၂၈)ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁)လ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)