စလင်းမြို့နယ် ရေကြည်ကျေးရွာအုပ်စု၊ အရှေ့ဇီးကုန်းကျောင်းတိုင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ ကျေးရွာများအရောက် ကွင်းဆင်းအသိပညာပေး

စလင်း မတ်လ ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ ရေကြည်ကျေးရွာအုပ်စုအရှေ့ ဇီးကုန်းဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီ ၃၀ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ  စလင်းမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့  ဒုမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ရပ်မိရပ်ဖ ဦးစိန်လင်း မြို့နယ်ဒုရဲတပ်ဖွဲ့မှူး သန့်ဇင် မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်တို့မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်များ  ဘာကြောင့်စစ်မှုထမ်းဥပဒေကိုကျင့်သုံးရကြောင်း၊ ဥပဒေဆိုင်ရာအကြောင်းအရာများ စစ်မှုထမ်းရမည့်အသက်အရွယ် အမျိုးသားအမျိုးသမီးများ၏အသက်အရွယ်နှင့်  ကျွမ်းကျင်မှုဘာသာရပ်ပညာတတ်ကျွမ်းမှုများ  ပြည်သူ့စစ်မှုထမ်းခြင်းမှရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ ဥပဒေပါပြဒါန်းချက်များနှင့်ပတ်သက်၍ နိုင်ငံသားတိုင်းအနေဖြင့် စိုးရိမ်စရာမလို ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဥ်း၍ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်  ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်အမျိုးမျိုးဖြင့်  ကောလဟာလသတင်းများပျံနှံလာမှုအပေါ် ယုံကြည်မှုမရှိကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးရှင်းလင်းခဲ့သည်။ တက်ရောက်လာသည့် ပြည်သူများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေငှခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာများနှင့် ရေကြည်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရေကြည်ကျေးရွာနေပြည်သူများ  တက်ရောက်ခဲ့ကြောင်း  သိရသည်။

မောင်လွင်(စလင်း)